Types of Radiation

Radiation ဖြစ်ပေါ်ခြင်းဆိုသည်မှာ ရေဒီယိုဒြပ်သတ္တိကြွ နူးကလိရပ်စ် တွေ မှ Alpha particles, Beta particles နှင့် Gamma rays များထုတ်လွှတ်ပေးခြင်းဖြစ်သည်။ Alpha particles ထုတ်လွှတ်ခြင်း တွင့် ပရိုတွန် ၂ လုံး နူတွန် ၂ လုံးပါဝင်သည့် helium (4He2) အက်တမ်၏ နူးကလိရပ်စ် တစ်ခုပင်ဖြစ်သည်။ 226Ra ကိုကြည့် လျှင်၎င်းတွင် ပရိုတွန် ၈၈ လုံးနှင့် နျူထရွန် ၁၃၈ ပါဝင်သည်။ ၎င်း နျူးကလိယပ်စ်မှ Alpha particle တစ်လုံးထုတ်ပေးသောအခါ (Alpha decay ဖြစ်သောအခါ) နျူထရွန် နှစ်လုံးနှင့် ပရိုတွန် နှစ်လုံး ထွက်သွားပြီး အခြား နျူးကလိယပ်စ် အဖြစ် ပြောင်းလဲသွားသည်။



238U92→234Th90 + 4He2 (Z-2, A-4)……………. (α -Decay)




Image Hosting by Picoodle.com


Beta particle ဆိုသည်မှာ အီလက်ထရွန် ( -e ) ပင်ဖြစ်သည်။ အီလက်ထရွန်သည် နျူးကလိရပ်စ်ထဲ၌ မပါဝင်ပါ။ အီလက်ထရွန်ကို နျူးကလိရပ်စ်၏ အပြင်ပိုင်းမှာသာ တွေ့ရှိနိုင်ပါသည်။ နျူးကလိရပ်စ် ၌မပါဝင် သော အီလက်ထရွန်ကို ထုတ် လွှတ် သည်ဟုဆိုလျှင် စဉ်းစားစရာဖြစ်နေပါသည်။ အမှန်တကယ်တွင် အီလက်ထရွန် ဆိုပြီးထုတ်လွှတ်တာမျိုး မဟုတ်ပဲ ပရိုတွန် တစ်လုံးနှင့် အီလက်ထရွန် တစ်လုံး ပြိုကွဲ ဖြစ်ပွါးစေဖို့ နျူထရွန် တစ်လုံးကိုသာ ထုတ်ပေးခြင်း ဖြစ်ပါသည်။


**နျူထရွန်=ပရိုတွန်+အီလက်ထရွန်(ပရိုတွန်က positive charge ဖြစ်ပြီး အီလက်ထရွန် က negative charge ဖြစ်သည်။ သို့ဖြစ်၍ နျူထရွန်၌ electric charge မရှိပါ။)



14C6 14N7 + β- (Z-1, A)……………. (β- -Decay)




Image Hosting by Picoodle.com



Gamma ray ထုတ်လွှတ်ခြင်းနှင့် အတူ Alpha particle သို့မဟုတ် Beta particle ထုတ်လွှတ်မှုကို တစ်ပြိုင်နက် ဖြစ်ပေါ်စေနိုင်ပါသည်။ Gamma ray သည် High energy radiation တစ်ခုဖြစ်သည်။

တစ်နည်းအားဖြင့် စွမ်းအင် မြောက်များစွာ ဆုံးရှုံးခြင်းသွားစေသည်။

၎င်း Gamma ray သည် X-ray နှင့် တူသော်လည်း သူ ယူဆောင်သည့် စွမ်းအင် ပမာဏမှာ X-ray ထက်များသည်။ တစ်ချို့သော Unstable nucleus တို့သည် Gamma ray ထုတ်လွှတ်ရုံဖြင့် ပျက်ဆီးယို့ယွင်းမှု ဖြစ်ပေါ်စေနိုင်ပါသည်။ Gamma ray ထုတ်လွှတ်လိုက်ချိန်တွင် စွမ်းအင်မြောက်များစွာကို သယ်ဆောင်သွားပြီး မူလ Unstable နျူးကလိရပ်စ် လည်း Stable အဖြစ် ပြောင်းလဲ သွားတော့သည်။



60mCo27 60Co27 + 0γ0 (Z-1, A)……………. (γ -Decay)

(m= metastable state)



Image Hosting by Picoodle.com

Alpha particles ကို စာရွက်တစ်ရွက်ဖြင့် အပြည့်အ၀ကာကွယ် တာဆီးနိုင်ပါသည်။ Beta particles ကို အလူမီနီယမ် သတ္တုပြားဖြင့်အပြည့်အ၀ ကာကွယ် တားဆီးနိုင်ပါသည်။ Gamma rays ကို အပြည့်အ၀တားဆီးဖို့ ထက် သူ၏ စွမ်းအင်ကို လျှော့ချတာဆီးဖို့ အတွက်ပင် အလွန်ထူသော ခဲပြားဖြင့်သာ ကာကွယ် တာဆီးနိုင်ပါသည်။



Image Hosting by Picoodle.com

0 comments:

Post a Comment