မိတ်ဆက်ခြင်း

ဒီနေ့ မျက်စိလည်ပြီး ကျနော်တို့ ကျောင်းရဲ့ ဘလော့ လေးကို ရောက်သွားတယ် ညီငယ်တွေ ဦးစီးပြီး လုပ်ထားတဲ့ ဘလော့ လေးပါ ရည်ရွယ်ချက် လေးကလည်း တော်တော်လေး ကောင်းပါတယ် အလည်းရောက်သွားတဲ့ အချိန်မှာ တွေ့လိုက်ရတာက စတင်ဖွင့်လှစ်ခြင်း ဆိုတဲ့ခေါင်းစဉ် လေးကိုတွေ့ ရတော့တာပဲဗျာ ဒီခေါင်းစဉ်လေးကို မြင်ရတော့ ကျနော်ဖတ်ဖူးတဲ့ ‘‘သစ်လွင်၍ တန်ဖိုးရှိသော အရာကို ကမ္ဘာသို့ ပေးဆပ်နိုင်သူအား အားလုံးက မျှော်လင့်စောင့်စားနေ ကြတယ်’’ ဆိုတဲ့စာပိုဒ်လေးကို သတိရမိသွားတယ်ဗျာ သူ့ကို (ဘလော့) ကြည့်ရတာလည်း အရုဏ်ဦးမှ ပေးလာမဲ့ နေမင်းရဲ့ လင်းရောင်ခြည် တွေကိုစောင့်မျှော်နေတဲ့ သစ်ပင် ပန်းမန်တွေလိုပဲ ဘယ်သူများ သူ့ကို(ဘလော့) အသက်ဝင်လာအောင် စွမ်းဆောင်ပေး မလဲဆိုပြီး စောင့်မျှော်နေပုံပဲ အားလုံးအတွက် ရည်ရွယ်ပြီး လုပ်ထားတဲ့ ဘလော့လေးလည်း ဖြစ်တာကြောင့် မိမိတို့ တတ်စွမ်းသည့် ဘက်ကနေပြီး အသက်ဝင်လာအောင် ပါဝင်ဖြည့်စွမ်း ပေးစေချင်ပါတယ်...
မိတ်ဆက်ခြင်းဖြင့် ဒီဘလော့လေးမှာ ကျနော်တို့ ကျောင်းသားများ အားလုံးအတွက် အဆင်ပြေစေမဲ့ Software လေးတစ်ခု တင်ထားပေးပါတယ် တခြားတော့ မဟုတ်ပါဘူး ကျနော်တို့ နောင်တော်ကြီး MENDELEEV ကိုယ်တိုင်ရေးဆွဲ ပေးခဲ့တဲ့ (Periodic Table) Software လေးပါ ကျနော်တို့ ကျောင်းသားအားလုံး မိမိတို့  သိလိုသော ဒြပ်စင်များ၏ အကြောင်းကို အလွယ်တကူ လေ့လာဖတ်ရှု့ နိုင်ရန် ရည်ရွယ်ပြီး တင်ပေးထား ခြင်းပါ software လေးကို ဒီနေရာတွင် download ယူနိုင်ပါတယ်ခင်ဗျာ


ဆက်လက်လေ့လာရန် ...

Metastability


ရေဒီယိုသတ္တိကြွ ယို့ယွင်းပျက်စီး ခြင်းတွင် အသစ် ဖြစ်သွားသော Product နျူးကလိယပ်စ် သည် Excited State တွင် တည်ရှိသည်။ ၎င်း Excited Nucleus သည် Unstable အဖြစ် တည်ရှိပြီး ပိုနေသော စွမ်းအင် (Energy) များကို Gamma Rays အဖြစ်ထုတ်ပေး ခြင်းဖြင့် Ground State သို့ရောက်ရှိသွားသည်။ တစ်နည်းအားဖြစ် Stable ဖြစ်သွားသည်။ထိုကဲ့သို့ ဖြစ်ပွားသော မတည်ငြိမ်သော အခြေအနေကို Metastable State ဟုခေါ်ပြီး ‘ m ’ သင်္ကေတဖြင့် Mass Number နောက်တွင် ရေးသားဖော်ပြသည်။




60mCo27 60Co27 + 0γ0 (Z-1, A)……………. (γ -Decay)


Transition State ဆိုသည်မှာ မတည်ငြိမ်သော Excited State မှ တည်ငြိမ်သော Ground State အဖြစ်သို့ ပြောင်းလဲသွားရန် အတွက် ၎င်းနှစ်ခု ကြားရှိ ကြားအခြေအနေ ဖြစ်သည်။


Image Hosting by Picoodle.com


အထက်ပါ ပုံတွင် (1) သည် အပိုစွမ်းအင်များနှင့် မတည်ငြိမ်သော Metastable State တွင်တည်ရှိနေသည် ။ (2) သည် တည်ငြိမ်သော Ground State သို့ ဆက်လက်ဖြစ်ပွားရန် ရှိနေသည့် မတည်ငြိမ်သော Transition State ကြားအခြေအနေ ဖြစ်သည်။ (3) သည် လုံးဝ တည်ငြိမ်သွားသော Ground (or) Stable State ဖြစ်သည်။





ဆက်လက်လေ့လာရန် ...

Types of Radiation

Radiation ဖြစ်ပေါ်ခြင်းဆိုသည်မှာ ရေဒီယိုဒြပ်သတ္တိကြွ နူးကလိရပ်စ် တွေ မှ Alpha particles, Beta particles နှင့် Gamma rays များထုတ်လွှတ်ပေးခြင်းဖြစ်သည်။ Alpha particles ထုတ်လွှတ်ခြင်း တွင့် ပရိုတွန် ၂ လုံး နူတွန် ၂ လုံးပါဝင်သည့် helium (4He2) အက်တမ်၏ နူးကလိရပ်စ် တစ်ခုပင်ဖြစ်သည်။ 226Ra ကိုကြည့် လျှင်၎င်းတွင် ပရိုတွန် ၈၈ လုံးနှင့် နျူထရွန် ၁၃၈ ပါဝင်သည်။ ၎င်း နျူးကလိယပ်စ်မှ Alpha particle တစ်လုံးထုတ်ပေးသောအခါ (Alpha decay ဖြစ်သောအခါ) နျူထရွန် နှစ်လုံးနှင့် ပရိုတွန် နှစ်လုံး ထွက်သွားပြီး အခြား နျူးကလိယပ်စ် အဖြစ် ပြောင်းလဲသွားသည်။



238U92→234Th90 + 4He2 (Z-2, A-4)……………. (α -Decay)




Image Hosting by Picoodle.com


Beta particle ဆိုသည်မှာ အီလက်ထရွန် ( -e ) ပင်ဖြစ်သည်။ အီလက်ထရွန်သည် နျူးကလိရပ်စ်ထဲ၌ မပါဝင်ပါ။ အီလက်ထရွန်ကို နျူးကလိရပ်စ်၏ အပြင်ပိုင်းမှာသာ တွေ့ရှိနိုင်ပါသည်။ နျူးကလိရပ်စ် ၌မပါဝင် သော အီလက်ထရွန်ကို ထုတ် လွှတ် သည်ဟုဆိုလျှင် စဉ်းစားစရာဖြစ်နေပါသည်။ အမှန်တကယ်တွင် အီလက်ထရွန် ဆိုပြီးထုတ်လွှတ်တာမျိုး မဟုတ်ပဲ ပရိုတွန် တစ်လုံးနှင့် အီလက်ထရွန် တစ်လုံး ပြိုကွဲ ဖြစ်ပွါးစေဖို့ နျူထရွန် တစ်လုံးကိုသာ ထုတ်ပေးခြင်း ဖြစ်ပါသည်။


**နျူထရွန်=ပရိုတွန်+အီလက်ထရွန်(ပရိုတွန်က positive charge ဖြစ်ပြီး အီလက်ထရွန် က negative charge ဖြစ်သည်။ သို့ဖြစ်၍ နျူထရွန်၌ electric charge မရှိပါ။)



14C6 14N7 + β- (Z-1, A)……………. (β- -Decay)




Image Hosting by Picoodle.com



Gamma ray ထုတ်လွှတ်ခြင်းနှင့် အတူ Alpha particle သို့မဟုတ် Beta particle ထုတ်လွှတ်မှုကို တစ်ပြိုင်နက် ဖြစ်ပေါ်စေနိုင်ပါသည်။ Gamma ray သည် High energy radiation တစ်ခုဖြစ်သည်။

တစ်နည်းအားဖြင့် စွမ်းအင် မြောက်များစွာ ဆုံးရှုံးခြင်းသွားစေသည်။

၎င်း Gamma ray သည် X-ray နှင့် တူသော်လည်း သူ ယူဆောင်သည့် စွမ်းအင် ပမာဏမှာ X-ray ထက်များသည်။ တစ်ချို့သော Unstable nucleus တို့သည် Gamma ray ထုတ်လွှတ်ရုံဖြင့် ပျက်ဆီးယို့ယွင်းမှု ဖြစ်ပေါ်စေနိုင်ပါသည်။ Gamma ray ထုတ်လွှတ်လိုက်ချိန်တွင် စွမ်းအင်မြောက်များစွာကို သယ်ဆောင်သွားပြီး မူလ Unstable နျူးကလိရပ်စ် လည်း Stable အဖြစ် ပြောင်းလဲ သွားတော့သည်။



60mCo27 60Co27 + 0γ0 (Z-1, A)……………. (γ -Decay)

(m= metastable state)



Image Hosting by Picoodle.com

Alpha particles ကို စာရွက်တစ်ရွက်ဖြင့် အပြည့်အ၀ကာကွယ် တာဆီးနိုင်ပါသည်။ Beta particles ကို အလူမီနီယမ် သတ္တုပြားဖြင့်အပြည့်အ၀ ကာကွယ် တားဆီးနိုင်ပါသည်။ Gamma rays ကို အပြည့်အ၀တားဆီးဖို့ ထက် သူ၏ စွမ်းအင်ကို လျှော့ချတာဆီးဖို့ အတွက်ပင် အလွန်ထူသော ခဲပြားဖြင့်သာ ကာကွယ် တာဆီးနိုင်ပါသည်။



Image Hosting by Picoodle.com

ဆက်လက်လေ့လာရန် ...

Stable and Unstable Nuclei

ဟိုက်ဒြိုဂျင်အက်တမ် (1H1) မှအပ တစ်ခြားသော အက်တမ် အားလုံး၏ နျူးကလိရပ်စ်များတွင် တစ်လုံး သို့မဟုတ် တစ်လုံးထက်ပိုသော ပရိုတွန် နှင့် နျူထရွန် ပါဝင်ကြသည်။


ဥပမာ- 12C6 ၎င်း ကာဗွန် အက်တမ်သည် နျူထရွန် ခြောက်လုံးနှင့် ပရိုတွန်ခြောက်လုံး ပါဝင်ပြီး Stable အဖြစ် တည်ရှိနေသည်။


များသောအားဖြင့် အက်တမ်များ သူတို့ကိုယ်တိုင် ပြောင်းလဲခြင်းမရှိပါက ၎င်းတို့သည် Stable ဖြစ်ကြသည်။ ထိုကဲ့သို့သာ အမြဲတမ်းပုံသေ ဖြစ်နေခဲ့မယ်ဆိုရင် ကာဗွန် Nucleus တွေဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ယခုတိုင် ပြောင်လဲခြင်းမရှိ ဖြစ်တည် နေကြမည်သာ ဖြစ်သည်။ သို့သော်လည်း တစ်ချို့သော Nucleus တို့သည် Unstable အဖြစ်သာတည်ရှိနေကြသည်။


Unstable Nucleus တို့သည် ၎င်း အတွင်း ပြောင်းလဲမှု များဖြစ်ပေါ်နေကြသည်။

၎င်းပြောင်းလဲခြင်းသည် Unstable Nucleus တို့သည် Radioactive Decay သို့မဟုတ် ပျက်စီးယို့ယွင်းခြင်းဖြင့် Stable Nucleus ပုံစံ အသစ်တစ်မျိုး အဖြစ်သို့ ပြောင်းလဲသွားခြင်း (သို့မဟုတ်) စွမ်းအင် ဆုံးရှုံးသွားခြင်း ပင်ဖြစ်သည်။ နှစ်မျိုးလုံး တစ်ပြိုင်နက်လည်းဖြစ်နိုင်ပါသည်။


ဥပမာ- ကာဗွန် Isotope တစ်ခုဖြစ်သော 14C သည် ပရိုတွန် ခြောက်လုံးနှင့် နျူထရွန် ရှစ်လုံးပါဝင်ကြသည်။ သို့ဖြစ်၍ ၎င်းသည် Stable Carbon ထက် နျူထရွန် နှစ်လုံးပိုနေသည့် အတွက် Unstable Nucleus အဖြစ်တည်ရှိ နေပါသည်။ ၎င်း Unstable Nucleus သည် Radioactive Decay သို့မဟုတ် ပျက်စီးယို့ယွင်းမှု ဖြစ်ပွားပြီး Stable အဖြစ်သို့ပြောင်းလဲသွားပါသည်။



ဆက်လက်လေ့လာရန် ...

Radioactive Decay

ရေဒီယိုသတ္တိကြွ ပစ္စည်းများ ပျက်စီးယို့ယွင်းခြင်း ဆိုသည်မှာ Unstable ဖြစ်နေသော Atomic Nucleus များမှ Ionizing Particles နှင့် Radiation များထုတ်လွှတ်ခြင်းဖြင့် စွမ်းအင်ဆုံးရှုံးသွားပြီး နောက်ထပ် Nucleus အသစ်ကို ဖြစ်ပေါ်စေသည်။ ၎င်းကို ရေဒီယိုဒြပ်သတ္တိကြွ ပျက်စီး ယို့ယွင်းခြင်း ဖြစ်စဉ် (Radioactive Decay) ဟုခေါ်သည်။

၎င်းပျက်စီးယို့ယွင်းခြင်း (သို့) စွမ်းအင်ဆုံးရှုံးခြင်း ဖြစ်စဉ်တွင် နဂိုမူလရှိနေသာ Nucleus ကို မူရင်း (parent) ဟုခေါ်ပြီး ပျက်စီးယို့ယွင်းပြီးမှ ဖြစ်လာသော Nucleus ကို ပေါက်ပွါးလာသော (daughter) ဟုခေါ်သည်။ ဥပမာ- အောက်ပါ ဖြစ်စဉ် တွင် 238U သည် Parent ဖြစ်ပြီး 234Th သည် Daughter ဖြစ်သည်။



238U92→234Th90 + 4He2

ဆက်လက်လေ့လာရန် ...