မိတ်ဆက်ခြင်း

ဒီနေ့ မျက်စိလည်ပြီး ကျနော်တို့ ကျောင်းရဲ့ ဘလော့ လေးကို ရောက်သွားတယ် ညီငယ်တွေ ဦးစီးပြီး လုပ်ထားတဲ့ ဘလော့ လေးပါ ရည်ရွယ်ချက် လေးကလည်း တော်တော်လေး ကောင်းပါတယ် အလည်းရောက်သွားတဲ့ အချိန်မှာ တွေ့လိုက်ရတာက စတင်ဖွင့်လှစ်ခြင်း ဆိုတဲ့ခေါင်းစဉ် လေးကိုတွေ့ ရတော့တာပဲဗျာ ဒီခေါင်းစဉ်လေးကို မြင်ရတော့ ကျနော်ဖတ်ဖူးတဲ့ ‘‘သစ်လွင်၍ တန်ဖိုးရှိသော အရာကို ကမ္ဘာသို့ ပေးဆပ်နိုင်သူအား အားလုံးက မျှော်လင့်စောင့်စားနေ ကြတယ်’’ ဆိုတဲ့စာပိုဒ်လေးကို သတိရမိသွားတယ်ဗျာ သူ့ကို (ဘလော့) ကြည့်ရတာလည်း အရုဏ်ဦးမှ ပေးလာမဲ့ နေမင်းရဲ့ လင်းရောင်ခြည် တွေကိုစောင့်မျှော်နေတဲ့ သစ်ပင် ပန်းမန်တွေလိုပဲ ဘယ်သူများ သူ့ကို(ဘလော့) အသက်ဝင်လာအောင် စွမ်းဆောင်ပေး မလဲဆိုပြီး စောင့်မျှော်နေပုံပဲ အားလုံးအတွက် ရည်ရွယ်ပြီး လုပ်ထားတဲ့ ဘလော့လေးလည်း ဖြစ်တာကြောင့် မိမိတို့ တတ်စွမ်းသည့် ဘက်ကနေပြီး အသက်ဝင်လာအောင် ပါဝင်ဖြည့်စွမ်း ပေးစေချင်ပါတယ်...
မိတ်ဆက်ခြင်းဖြင့် ဒီဘလော့လေးမှာ ကျနော်တို့ ကျောင်းသားများ အားလုံးအတွက် အဆင်ပြေစေမဲ့ Software လေးတစ်ခု တင်ထားပေးပါတယ် တခြားတော့ မဟုတ်ပါဘူး ကျနော်တို့ နောင်တော်ကြီး MENDELEEV ကိုယ်တိုင်ရေးဆွဲ ပေးခဲ့တဲ့ (Periodic Table) Software လေးပါ ကျနော်တို့ ကျောင်းသားအားလုံး မိမိတို့  သိလိုသော ဒြပ်စင်များ၏ အကြောင်းကို အလွယ်တကူ လေ့လာဖတ်ရှု့ နိုင်ရန် ရည်ရွယ်ပြီး တင်ပေးထား ခြင်းပါ software လေးကို ဒီနေရာတွင် download ယူနိုင်ပါတယ်ခင်ဗျာ


1 comments:

Anonymous said...

Talking လေးတွေကလည်းလန်း ရူပါကလည်းသန့် ဆိုတော့ အဆင်ကိုပြေလို့ဗျာ..ဟဲဟဲ
ဦးဆောင်ပါဝင်ပေးတာကို ၀မ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် အကိုရေ........

Post a Comment